Facebook မှာကိုယ်ကြိုက်တဲ့ Page ကတင်သမျှအားလုံး ကိုယ့် Noti မှာပေါ်အောင်လုပ်နည်း
Facebook မှာ Page တစ်ခုကို Like လုပ်ထားရုံနဲ့ အဲ့ဒီပေ့စ်ကတင်သမျှ ကိုယ့်ဆီလာပေါ်မည်မဟုတ်ပါ။
အဲ့ဒီပေ့စ်ကို See First ပေးထားရင်တော့ သူတို့တင်သမျှရောက်လာပါတယ်
See First မရတော့ရင် Notifications အကုန်ဖွင့်ထားပေးလိုက်ပါ။
ကိုယ်အမြဲသွားဖတ်နေကျ ပြီးတော့အဲ့ဒီပေ့စ်ကတခုခုတင်ရင်လည်း Comment ပေးတာတို့
ဘာတို့ဆိုနောက်ပိုင်းသူတို့တင်သမျှ Facebook ကကိုယ့်ဆီပေါ်အောင်ပေးပို့ပေးတတ်ပါတယ်။
ဒီလိုမှမဟုတ်ပဲ ရိုးရိုးပဲမြင်ရင်ကျော်သွားမယ် Like ကိုလည်းရိုးရိုး Like သာပေးမည်ဆို
Facebook ကသင်ဒီပေ့စ်ကိုမကြိုက်ဘူးလို့သတ်မှတ်ပြီးနောက်ပိုင်း
ဘာတင်တင်ကိုယ့်ဆီရောက်မလာတတ်ပါ။

ဒီတော့ကိုယ်အရမ်းကြိုက်တဲ့ပေ့စ်တွေကို သူတို့တင်သမျှကိုယ့်ဆီရောက်လာအောင်
လုပ်ဆောင်နိုင်မယ့်နည်းတွေကိုစုစည်းဖော်ပြပေးလိုက်ပါတယ်။
ပထမဦးဆုံးအရိုးရှင်းဆုံးနည်းကတော့ သူတို့ပို့စ်ကိုတွေ့တာနဲ့ ရိုးရိုး(လက်မ)ပုံနဲ့ Like ကိုမပေးပဲ
React တွေထဲက Love, Haha, Wow, Sad, Angry တစ်ခုခုကိုပေးပါ။
ကြိုက်တယ်ဆိုရင်တော့ Love ကိုပေးသင့်ပြီး ရီရရင်တော့ Haha ကိုပေးပေါ့။
အခြား React တွေနဲ့လည်းသူနဲ့သက်ဆိုင်ရာ Reaction အလိုက်ပေးကြပေါ့။
ရိုးရိုးလက်မ Like နဲ့ပေးတာဟာ အခုနောက်ပိုင်းမှာ ကိုယ်စိတ်မဝင်စားတဲ့ပို့စ်တွေမှာ ဝတ်ကျေတန်းကျေပေးတာလို့ Facebook ကသတ်မှတ်လိုက်ပါပြီ။
ဒါကြောင့် ကြိုက်ရင် Love ပေးပြီး ရီရရင် Haha ပေးမယ် အရမ်းလန်းရင် Wow ပေးပြီး ဝမ်းနည်းစရာကောင်းရင် Sad ပေးမယ် အဲ့လိုမျိုးလေးတွေပေါ့။
ဒါဆိုကိုယ်ကအဲ့ဒီပေ့စ်ကိုကြိုက်တဲ့စာရင်းဝင်ပြီး သူတို့ပေ့စ်အတွက်လည်းကောင်းသလို ကိုယ့်အတွက်လည်း အမြဲမပြတ်ဖတ်ရူ့နိုင်ပါတယ်။

နောက်တစ်နည်းကတော့ အားလုံးသိပြီးသား See First လုပ်တဲ့နည်းပေါ့။
ဒါကလည်းအကန့်အသတ်ရှိပါတယ်။ သူကန့်သတ်ထားတဲ့အရေအတွက်ပြည့်ရင်
See First လုပ်လို့မရတော့ပါ။
ဒီလိုဖြစ်သွားရင်တော့ Page တွေမှာဆို Notifications Settings မှာသွားဖွင့်ပေးထားခြင်းဖြင့်လည်း
သူတို့တင်သမျှကိုယ့်ရဲ့ Noti မှာလာပြအောင်လုပ်ထားနိုင်ပါတယ်။
အောက်ကပုံထဲမှာတော့ See First လုပ်နည်းနဲ့ Notification ဖွင့်နည်းကိုသေချာရှင်းပြပေးထားပါတယ်။

အားလုံးကိုခြုံ့ငုံပြောရမယ်ဆို ကိုယ်ကြိုက်တဲ့ပေ့စ်ကို See First လုပ်ပြီး
Notification တွေလည်းအကုန်ဖွင့်ထားပါ။
နောက်ပြီးသူတို့ဘာတင်တင်အထက်မှာပြောခဲ့သလို ရိုးရိုးလက်မ Like နဲ့မတုံ့ပြန်ပဲ
Love, Haha, Wow တွေထဲကတစ်ခုခုနဲ့တုံ့ပြန်ပါ။
ဒါဆိုပေ့စ်ပိုင်ရှင်တွေအတွက်လည်း Engagement ကောင်းစေသလို
ကိုယ့်အတွက်လည်းအမြဲမဖတ်ဖတ်ရူ့နိုင်ပါတယ်။
ကျနော်တို့ရဲ့ Myanmar Android App ပေ့စ်လေးကိုလည်း ကြိုက်တယ်ဆို
အထက်ပါပြောသလို See First လုပ်ထားပေးပါ။
See First ပြည့်သွားပြီဆို Notifications ကိုပြထားတဲ့အတိုင်းအကုန်ဖွင့်ထားပေးပါ။
ကျနော်တို့တင်သမျှကိုလည်း ရိုးရိုးလက်မ Like နဲ့မဟုတ်ပဲ Reaction တွေထဲကတစ်ခုခုနဲ့တုံ့ပြန်ပေးပါ။

အားလုံးကိုကျေးဇူးတင်ပါတယ် 
Khun Htetz Naing (Myanmar Android App)
.
#Facebook #SeeFirst #Notification #MyanmarAndroidApp #KhunHtetzNaing

Post a Comment