Facebook Account တွေ ဘေးကင်းစေဖို့ ကာကွယ်ထားလိုက်ပါ
မြန်မာနိုင်ငံမှာ Facebook အသုံးပြုသူဟာ ၁၄သန်းအထိ ရှိလာပြီလို့ Hootsuite ရဲ့အစီရင်ခံစာအရ
သိရပါတယ်။ တချို့တွေက သတင်းဖတ်ဖို့၊ သူငယ်ချင်တွေနဲ့ စကားပြောဖို့၊ ဗီဒီယိုဒေါင်းလုဒ်လုပ်ဖို့
စသဖြင့် ရည်ရွယ်ချက်မျိုးစုံနဲ့ အသုံးပြုကြတယ်လေ။ လူတန်းစားမျိုးစုံ သုံးနေတာဖြစ်လို့ ကောင်းတဲ့ရည်ရွယ်ချက်နဲ့သုံးတဲ့လူတွေရှိသလို မကောင်းတဲ့ရည်ရွယ်ချက်နဲ့သုံးတဲ့လူလည်း ဒုနဲ့ဒေးပါပဲ။
အဲဒီတော့ ကိုယ့်ရဲ့ Facebook Account ဟာ Hack ခံမယ့်ဘေးမှ ကင်းဝေးအောင်လို့
လုပ်ဆောင်ရမယ့်နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။
သိရပါတယ်။ တချို့တွေက သတင်းဖတ်ဖို့၊ သူငယ်ချင်တွေနဲ့ စကားပြောဖို့၊ ဗီဒီယိုဒေါင်းလုဒ်လုပ်ဖို့
စသဖြင့် ရည်ရွယ်ချက်မျိုးစုံနဲ့ အသုံးပြုကြတယ်လေ။ လူတန်းစားမျိုးစုံ သုံးနေတာဖြစ်လို့ ကောင်းတဲ့ရည်ရွယ်ချက်နဲ့သုံးတဲ့လူတွေရှိသလို မကောင်းတဲ့ရည်ရွယ်ချက်နဲ့သုံးတဲ့လူလည်း ဒုနဲ့ဒေးပါပဲ။
အဲဒီတော့ ကိုယ့်ရဲ့ Facebook Account ဟာ Hack ခံမယ့်ဘေးမှ ကင်းဝေးအောင်လို့
လုပ်ဆောင်ရမယ့်နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။
၁။ လုံခြုံစိတ်ချရတဲ့ Password ကို အသုံးပြုပါ။
Facebook မှာ Password ထားတဲ့အခါမှာ အလုံးရေများလေ ကောင်းလေပဲ။ Password မှာ ABC တို့လို Capital Letter တွေ၊ abc တို့လို Small Letter တွေနဲ့ !%$#@ တို့လို Special Character တွေပါအောင်ထည့်ပါ။ Password ကိုဘာထည့်ရမှာ စဉ်းစားလို့မရရင် Password Generator မှာ လုံခြုံစိတ်ချရတဲ့စကားလုံးတွေကို ရွေးချယ်လို့ရပါတယ်။
ကိုယ့်ကွန်ပျူတာ မဟုတ်ဘဲ တခြားအများသုံးနဲ့ အင်တာနက်ဆိုင်တွေမှာ Password ရိုက်တဲ့အခါ Remember Password လုပ်ဖို့မလိုဘဲနဲ့ သုံးပြီးရင်လည်း Log Out လုပ်ဖို့ မမေ့ပါနဲ့။ ပြီးရင် Ctrl + Shift + Delete ပေါင်းနှိပ်ပြီး Clear Browsing Data လုပ်ခဲ့ပါ။ Password ထားရာမှာ ကိုယ့်ငယ်နာမည်၊ မွေးသက္ကရာဇ်နဲ့ ရည်းစားနာမည်တွေ မထည့်သင့်သလို အနည်းဆုံး ၆လတစ်ကြိမ်ပြောင်းပစ်ဖို့ လိုပါတယ်။
၂။ Account Setting ကို အသုံးချတတ်ပါစေ။
Account Setting ထဲကနေ Security Setting ကိုဝင်ပြီး Login Approval ကို ဖုန်းနံပါတ်နဲ့ On ထားလို့ရပါတယ်။ Hacker က ကိုယ့် Password ရိုက်ထည့်တဲ့အခါ Facebook ကနေ ကိုယ့်ဖုန်းနံပါတ်ကို Login Code ပို့လိုက်မှာဖြစ်ပါတယ်။ Code နံပါတ်ကို ရိုက်ထည့်မှသာ အလွယ်တကူသုံးနိုင်မှာဖြစ်ပါတယ်။ Login Approvial ခံထားမယ်ဆိုရင် Password သိတောင်မှ Account ဝင်လို့ရမှာမဟုတ်ပါဘူး။ နောက်ပြီးတော့ Login Alert ကို On ထားလိုက်မယ်ဆိုရင် Hacker ဝင်နေတဲ့အချိန်မှာ အလွယ်တကူ Password ပြောင်းလို့ရပါတယ်။
Trusted Friend ထဲမှာလည်း ယုံကြည်ရတဲ့သူငယ်ချင်း ၃ယောက် (သို့) ၅ယောက်ထည့်ထားမယ်ဆိုရင် Account ဝင်ဖို့ အခက်အခဲရှိတဲ့အချိန်မှာ အကူညီတောင်းနိုင်မှာဖြစ်ပါတယ်။ See Where You’re Logged In နေရာကနေ End All Activity ကိုနှိပ်လိုက်မယ်ဆိုရင် အရင်မှာဝင်ခဲ့တဲ့ Account တွေအကုန်လုံး Log Out ဖြစ်သွားမှာဖြစ်ပါတယ်။
၃။ မသိတဲ့လူ Add လာရင် လက်မခံပါနဲ့။
Hacker တွေက Account တစ်ခုကို Hack တော့မယ်ဆိုရင် Fake Account တစ်ခုနဲ့ လာ Add လေ့ရှိပါတယ်။ Fake Account ကိုလက်ခံလိုက်ရင် Friend ဖြစ်သွားပြီး ကိုယ့်ရဲ့အချက်အလက်တွေကို ခိုးယူကာ Hack လုပ်မှာဖြစ်ပါတယ်။ အဲဒီတော့ ကိုယ့်ရဲ့မွေးသက္ကရာဇ်၊ ဖုန်းနံပါတ်၊ Email တွေကို Only Me လုပ်ထားတာက အကောင်းဆုံးဖြစ်မှာပါ။ Messenger ကနေ တခြားလူက Link တွေပေးလာရင် အလွယ်တကူမနှိပ်မိဖို့ လိုပါတယ်။ Link ကိုနှိပ်လိုက်ရင် Facebook Login ပြန်ဝင်ခိုင်းပြီး ကိုယ့် Account ကို ခိုးယူသွားမှာဖြစ်ပါတယ်။
ကဲ . . ဒါတွေကတော့ Facebook Account တစ်ခုကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်စေမယ့်နည်းလမ်းတွေပါပဲ။ ဖော်ပြတဲ့နည်းလမ်းအတိုင်း အသုံးပြုမယ်ဆိုရင် Hacker တွေအန္တရာယ်ကနေ ကင်းဝေးမှာ သေချာပါတယ်။ ကဲ . . . Users အချင်းချင်း အ Hack ခံထိခြင်းမှ ကင်းဝေးကြပါစေ။
Credit : Akhayar
Post a Comment